နိုင်ငံခြားသားများအတွက် ဂျပန်နိုင်ငံတွင်ပညာသင်ခြင်းလမ်းညွှန်းအသစ်
အထူးပြုသင်တန်းကျောင်းဆိုသည်မှာ
အထူးပြုသင်တန်းကျောင်းသည် လက်တွေ့ကျသော အသက်မွေးဝမ်းကြောင်းပညာ၊ ကျွမ်းကျင်နည်းပညာတို့ကို သင်ကြားသော အသက်မွေးဝမ်းကြောင်း ပညာရေးကျောင်းဖြစ်ပါသည်။ လုပ်ငန်းခွင်နှင့် နေ့စဥ်ဘဝတွင် လိုအပ်သော အသိပညာ၊ နည်းပညာ၊ အတတ်ပညာကို သင်ယူလေ့လာနိုင်ပြီး အမျိုးမျိုးသော နယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်ဖြစ်သွားနိုင်ပါသည်။
ဂျပန်နိုင်ငံရှိ အထူးပြုသင်တန်းကျောင်းတွင် ပညာသင်ယူခြင်း၏ အားသာချက်များ
- လုပ်ငန်းမျိုးစုံတွင် အလုပ်အကိုင် အလွယ်တကူရရှိနိုင်သော ကျွမ်းကျင်ပညာကို သင်ယူနိုင်သည်။
- တစ်ကမ္ဘာလုံးတွင် အသုံးချနိုင်သော အဆင့်မြင့်ကျွမ်းကျင်ပညာ တတ်မြောက်နိုင်သည်။
- ပညာရှင်လက်မှတ်ရရှိနိုင်၍ ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရရှိရန်၊ တက္ကသိုလ်ဆက်တတ်ရန် လမ်းပွင့်မည်။
အထူးပြုသင်တန်းကျောင်းတွင် ပညာသင်နေသည့် နိုင်ငံခြားသားကျောင်းသား ၄၆,၀၀၀ ဦး
ဂျပန်ကျောင်းသားဝန်ဆောင်မှုအဖွဲ့(JASSO)၏စစ်တမ်းအရ ဂျပန်နိုင်ငံတွင်ရှိ ကျောင်းများတွင် စာသင်လေ့လာနေသည့် နိုင်ငံခြားသားဦးရေသည် ၂၈၀,၀၀၀ဦးဖြစ်ပြီး ကိုဗစ်ကူးစက်မှုတွေ မစခင် ၂၀၁၉ခုနစ်နောက်ပိုင်းမှာ ပထမဦးဆုံး ယခင်နှစ်ထက် တိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။
အထူးပြုသင်တန်းကျောင်း၊ တက္ကသိုလ်၊ ဘွဲ့လွန်တက္ကသိုလ်စသည့် အဆင့်မြင့် ပညာရေးကျောင်းတွင် စာသင်နေသောကျောင်းသားဦးရေသည် ၁၈၈,၀၀၀ ဦးဖြစ်ပြီး ယခင်နှစ်၏ ၁၈၀,၀၀၀ဦးထက် ၈,၀၀၀ဦးတိုးတက်လာသည်။ ဒီထဲမှာ အထူးပြုသင်တန်းကျောင်း ကျောင်းသားသည် ၄၆,၀၀၀ ဦးဖြစ်ပြီး ယခင်နှစ်ထက် ၆,၀၀၀ဦး လျှော့နည်းလာသည်။
နိုင်ငံသားအလိုက်ကြည့်လျှင် အများဆုံးသည် တရုတ်ကျောင်းသားဖြစ်ပြီး ၄၁.၄% ရှိသည်။
ဒုတိယအများဆုံးသည် နီပေါဖြစ်ပြီး ၁၃.၆ %၊ ပြီးနောက် ဗီယက်နမ်၊ တောင်ကိုရီးယာ၊ မြန်မာဖြစ်သည်။

"ဂျပန်နိုင်ငံတွင် အလုပ်ဝင်လုပ်ချင်သည့်နိုင်ငံခြားသားကျောင်းသား" များလာနေသည်။
၂၀၂၀ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်သည့် "အထူးပြုသင်တန်းကျောင်းတွင် ကျောင်းတက်နေသည့် နိုင်ငံခြားသားကျောင်းသားများ အခြေအနေစစ်တမ်း" (၂၀၂၀ခုနှစ် ပညာရေးနှင့် သိပ္ပံဝန်ကြီးဌာန အထူးပြုသင်တန်းကျောင်းများ၏ ဂလိုဘယ်လိုက်ဇေးရှင် အားပေးကူညီမှုစီမံကိန်း) အရ နိုင်ငံခြားသား ကျောင်းသားများ၏ ၇၀ရာခိုင်နှုန်းသည် "ဂျပန်နိုင်ငံတွင် အလုပ်ဝင်လုပ်ချင်သည်။"ဟု ဖြေကြားနေသည်။ ဒုတိယ - စတုတ္ထနှစ် ကျောင်းသားတို့၏ ၈၀ရာခိုင်နှုန်းသည် ဂျပန်နိုင်ငံတွင် အလုပ်ဝင်လုပ်ချင်သည်။
လက်တွေ့တွင် ဒီပလိုမာဘွဲ့ရသည့် နိုင်ငံခြားသားကျောင်းသားများ၏ အလုပ်အကိုင်အခြေအနေ ဘယ်လိုရှိသလဲ။ နိုင်ငံခြားသားကျောင်းသားများက ဂျပန်နိုင်ငံတွင် အလုပ်ဝင်လုပ်မည်ဆိုလျှင် နေထိုင်ခွင့်ကို "ကျောင်းသား"မှ အခြားဗီဇာသို့ အမျိုးအစားပြောင်းရန် လိုအပ်သည်။ တရားရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဌာန၏ သတင်းထုတ်ပြန်ချက် " ၂၀၂၂ခုနှစ်တွင် နိုင်ငံခြားသားကျောင်းသားများ ဂျပန်ကုမ္ပဏီများတွင် အလုပ်ဝင်လုပ်သည့်အခြေအနေ" အရ ၂၀၂၂ခုနှစ်တွင် နေထိုင်ခွင့် "ကျောင်းသား"ဖြင့် နေထိုင်နေသည့် နိုင်ငံခြားသားများအနက် ဂျပန်ကုမ္ပဏီတွင် အလုပ်လုပ်ရန်အတွက် နေထိုင်ခွင့်အမျိုးအစားပြောင်းလျှောက်သူသည် ၃၅,၃၆၃ ဦးရှိပြီး ၃၃,၄၁၅ဦးကို ခွင့်ပြုပေးလိုက်သည်။ ယခင်နှစ်နှင့် နှိုင်းယှဥ်ပါက လျှောက်သူရော ခွင့်ပြုချက်ရသူပါ များပြားလာသည်။
နေထိုင်ခွင့်အမျိုးအစားအလိုက် ခွင့်ပြုချက်ရသူကို အသေးစိတ်လေ့လာလျှင် "အင်ဂျင်နီယာ၊ လူမှုဘာသာရပ်ကျွမ်းကျင်သူ၊ နိုင်ငံတကာဝန်ဆောင်မှု"သည် ၂၈,၈၅၃ ဦးဖြစ်ပြီး အားလုံး၏ ၈၆.၃% ဖြစ်သည်။ ရရှိသည့်အလုပ်အကိုင်အမျိုးအစားသည် ကုန်ထုန်လုပ်မှုလုပ်ငန်း မဟုတ်သည့်လုပ်ငန်းတွင် ၈၄.၄% ၊ ကုန်ထုတ်လုပ်မှုတွင် ၁၅.၂% ဖြစ်ပြီး အဓီကအလုပ်အမျိုးစားများသည် "စကားပြန်၊ဘာသာပြန်" (၁၆.၁% )၊ "သတင်းအချက်အလက်၊ဆက်ကွယ်ရေးနည်းပညာ" (၇.၇%)"စီမံကိန်း၊ရုံးလုပ်ငန်း" (၇.၄% )၊ "စီးပွားရေးစီမံခန့်ခွဲမှု" (၇.၀% ) ဖြစ်သည်။
အလုပ်ဗီဇာသို့အမျိုးအစားပြောင်းသည့် နိုင်ငံခြားသားကျောင်းသားများ၏ နောက်ဆုံး ပညာအရည်အချင်းသည် တက္ကသိုလ်ဘွဲ့ရသည် ယခင်နှစ်ထက် ၁,၅၅၉ဦးနည်း၍ ၉,၈၃၃ဦး (၃၃.၉% )၊ အထူးသင်တန်းကျောင်းဒီပလိုမာဘွဲ့ရသည် ၁,၆၄၈ဦးများ၍ ၁၂,၀၄၂ဦး (၄၁.၆% )ဖြစ်ပြီး ၃၃.၅% သည် တိုကျိုမြို့တွင်ရှိ ကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိခဲ့သည်။
၂၀၁၉ခုနှစ်တွင် နေထိုင်ခွင့်အမျိုးအစားအသစ် "ကျွမ်းကျင်လုပ်သား"ကို စတင်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ယခင်က အလုပ်လုပ်ခွင့်မရခဲ့သည့် လုပ်ငန်းတွင် အလုပ်စတင်လုပ်ကိုင်နိုင်ခဲ့သည်။ သို့သော် လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစားသည် ၁၂ မျိုးသာရှိသည်။ အသေးစိတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီ၏ ဝက်ဘ်ဆိုက်တွင် လေ့လာပါ။

ယခင်က ကျောင်းတွင်သင်ယူသည့်ဘာသာရပ်နှင့် လုပ်ကိုင်မည့်အလုပ်တာဝန်အကြား တိုက်ရိုက်ပတ်သတ်မှုရှိရန်လိုအပ်သောကြောင့် နေထိုင်ခွင့်ကို ကျောင်းသားမှ အလုပ်ဗီဇာသို့ အမျိုးအစားပြောင်းရာတွင် ခွင့်ပြုချက်မရသူလည်းရှိခဲ့ပါသည်။ ဤအစီအစဥ်အရ ခွင့်ပြုချက်ရရှိသည့်ကျောင်းသည် တက္ကသိုလ်နှင့်တူညီသည်ဟု မှတ်ယူပေးနိုင်သောကြောင့် အထူးပြုသင်တန်းကျောင်းမှ ဒီပလိုမာဘွဲ့ရသည့်နိုင်ငံခြားသားကျောင်းသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းသည် ပိုမိုများပြားသွားနိုင်သည်။
https://www.mext.go.jp/a_menu/shougai/senshuu/1412546_00015.htm

အထူးပြုသင်တန်းကျောင်းရွေးချယ်ရာတွင် ဂရုစိုက်သင့်သောအချက်များ
အထူးပြုသင်တန်းကျောင်းတွင် ကျောင်းတက်ခြင်းနှင့် အနာဂတ်လမ်းကြောင်း

နိုင်ငံခြားသားကျောင်းသားများအတွက် ပညာသင်ဆုစနစ်များ
နိုင်ငံခြားသားကျောင်းသားများအတွက် လစဥ် ယန်း ၄၈,၀၀၀ရနိုင်မည့် ပညာသင်ထောက်ပံ့ကြေးလည်းရှိသည်။
ဂျပန်အစိုးရပညာသင်စုရနိုင်ငံခြားသားကျောင်းသားအတွက် ဂျပန်အစိုးရ(ပညာရေးနှင့်သိပ္ပံဝန်ကြီးဌာန) ပညာသင်ဆုရှိသလို တစ်ခြားနိုင်ငံခြားသားကျောင်းသားများအတွက် ဂျပန်ကျောင်းသားဝန်ဆောင်မှုအဖွဲ့က ထုတ်ပေးသည့် ပညာသင်ဆုများရှိသည်။ ထို့အပြင် ဒေသအစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့က ထုတ်ပေးသည့် ပညာသင်ဆုများလည်းရှိသည်။
- ပညာသင်ဆုပမာဏ။ လစဥ် ယန်း ၁၁၇,၀၀၀ (၂၀၂၂ခုနှစ်)
- စီစဥ်ဆောင်ရွက်သူ။ ပညာရေးနှင့်သိပ္ပံဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဦးစီးဌာန ကျောင်းသားရေးရာဌာနခွဲ နိုင်ငံခြားသားကျောင်းသားများဌာနစိတ်
- ဖုန်း ၀၃-၅၂၅၃-၄၁၁၁ (ပင်မဖုန်း)
- စီစဥ်ဆောင်ရွက်သူ။ http://www.mext.go.jp/
- ထောက်ပံ့ကြေးပမာဏ။ လစဥ် ၄၈,၀၀၀ ယန်း
- စီစဥ်ဆောင်ရွက်သူ။ ဂျပန်ကျောင်းသားဝန်ဆောင်မှုအဖွဲ့နိုင်ငံခြားသားကျောင်းသားရေးရာဌာန နိုင်ငံတကာပညာသင်ဆုဌာနခွဲပညာထောက်ပံ့ကြေးဌာနစိတ်
- ဖုန်း ၀၃-၅၅၂၀-၆၀၃၀
- စီစဥ်ဆောင်ရွက်သူ။ http://www.jasso.go.jp/
တိုကျိုမြို့အတွင်းရှိ နိုင်ငံခြားသားကျောင်းသားများကိုလက်ခံနေသောကျောင်းများစာရင်း
တိုကျိုခရိုင်အထူးပြုသင်တန်းကျောင်းများအသင်း၏အသင်းဝင်ကျောင်းဖြစ်ပြီး နိုင်ငံခြားသားကျောင်းသားများကိုလက်ခံနေသောကျောင်းများစာရင်းဖြစ်သည်။ မိမိစိတ်ဝင်စားသည့်နယ်ပယ်ကို နှိပ်လျှင် လက်ခံပေးနိုင်သည့်ကျောင်းများစာရင်းပေါ်လာမည်။ လင့်ကိုနှိပ်လျှင် ကျောင်းအသီးသီး၏ နိုင်ငံခြားဘာသာများစာမျက်နှာ သို့မဟုတ် အင်္ဂလိပ်စာမျက်နှာကိုရောက်မည်။
စက်မှုလုပ်ငန်း/စိုက်ပျိုးရေး
စက်မှုနယ်ပယ်မှာ နောက်ဆုံးပေါ်နည်းပညာနှင့် ဂျပန်နိုင်ငံ၏"ကုန်ထုတ်လုပ်မှု"ကို အကျိုးပြုမည့် လူ့အရင်းအမြစ်ကို ပျိုးထောင်ပေးမည်။ စိုက်ပျိုးရေးနယ်ပယ်မှာ ဇီဝနည်းပညာရှင်ကို အဓိက ပျိုးထောင်ပေးနေသည်။
အဓိကဘာသာရပ်ဌာနများ။ သတင်းအချက်အလက်စနစ်၊ ဝက်ဘ်ဒီဇိုင်း၊ ဂိမ်းထုတ်လုပ်ရေး၊ လျှပ်စစ်အီလက်ထရွန်းနစ်အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ ဗိသုကာဒီဇိုင်း၊ မြို့ပြအင်ဂျင်နီယာ၊ မြေတိုင်း၊ ကားပြုပြင်ရေး၊ အသံလွှင့်နည်းပညာ၊ အသံနည်းပညာ၊ မျက်မှန်နည်းပညာ၊ အခြား ဇီဝနည်းပညာ
ကျန်းမာရေးနှင့်ဆေးကုသရေး
ဆေးရုံဆေးခန်းတွင် အလုပ်လုပ်မည့်နည်းပညာရှင်များကို ပျိုးထောင်ပေးနေသည်။ အများစုက အစိုးရလက်မှတ်လိုအပ်သော အလုပ်ဖြစ်သည့်အတွက် တစ်သက်လုံး အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေနိုင်သည်။အဓိကဘာသာရပ်ဌာနများ။ သူနာပြု၊ ဓာတ်ခွဲနည်းပညာ၊ ဓာတ်မှန်၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ သွားဘက်ဆိုင်ရာနည်းပညာ၊ ခံတွင်းသန့်ရှင်းရေး၊ အကြောအဆစ်ကုသမှု၊ ပြန်လည်သန်စွမ်းရေး၊ အပူပေးကုထုံး၊ လက်နှိပ်ကုထုံး၊ ဂျူဒိုကုထုံး၊ စကားပြောကုထုံး၊ အမြင်အာရုံလေ့ကျင့်ရေး၊ အခြား
တစ်ကိုယ်ရေသန့်ရှင်းမှု (အာဟာရပညာရှင်၊ ချက်ပြုတ်နည်း၊ မုန့်ဖုတ်နည်း)
အစားအသောက်ဆိုင်ရာကျွမ်းကျင်သူများကို ပျိုးထောင်ပေးသည်။ လက်တွေ့သင်တန်းများ၍ အခြေခံကျွမ်းကျင်မှုရှိအောင်သင်ကြားကာ သက်ဆိုင်သောလုပ်ငန်းများတွင် အလုပ်ရအောင် ရည်ရွယ်သည်။
အဓိကဘာသာရပ်ဌာနများ။ ထမင်းချက်၊ အာဟာရပညာရှင်၊ လက်မှတ်ရထမင်းချက်၊ စားသောက်ဆိုင်စီမံခန့်ခွဲမှု၊ လက်မှတ်ရမုန့်ဖုတ်ဆရာ၊ မုန့်ဖုန်နည်း၊ မုန့်ဖုတ်ဆရာ၊ ဂျပန်မုန့် ပေါင်မုန့်ဖုတ်နည်း အခြား
တစ်ကိုယ်ရေသန့်ရှင်းမှု (အလှပြင်၊ ဆံပင်ညှပ်)
အလှပြင်ဆရာ၊ ဆံပင်ညှပ်ဆရာတို့ကိုပျိုးထောင်ပေးသည်။ ယခုနောက်ပိုင်းမှာ မိတ်ကပ်၊ လက်သည်းနီစသည့် အလှအပဆိုင်ရာလုပ်ငန်းမျိုးစုံတွင် လိုအပ်သောကျွမ်းကျင်သူများကို ပျိုးထောင်ပေးသည်။
အဓိကဘာသာရပ်ဌာနများ။ အလှပြင်၊ ဆံပင်ညှပ်၊ ဆံပင်မိတ်ကပ်၊ Business Beauty၊ Total Beauty၊ Beauty Salon၊ မိတ်ကပ်၊ လက်သည်းနီ၊ Bridal
ပညာရေး၊ လူမှုဖူလုံရေး
ပညာရေးနှင့် လူမှုဖူလုံရေးလုပ်ငန်းများတွင် အလုပ်လုပ်မည့်ပညာရှင်ကိုပျိုးထောင်ပေးသည်။ အသိပညာနှင့်ကျွမ်းကျင်မှုကို သင်ယူလေ့လာပြီး အလုပ်သမားမလုံလောက်မှုရှိသောဤလုပ်ငန်းကို အထောက်အကူပြုမည်။
အဓီကဘာသာရပ်ဌာနများ။ ကလေးငယ်ပညာရေး၊ မူကြိုကျောင်းဆရာပျိုးထောင်ရေး၊ ကလေးထိန်းကျောင်းဆရာပျိုးထောင်ရေး၊ သက်ကြီးပြုစုစောင့်ရှောက်ရေး။ လူမှုဖူလုံရေး၊ ကလေးငယ်လူမှုဖူလုံရေး၊ စိတ်ရောဂါဆိုင်ရာလူမှုဝန်ထမ်း
စီးပွားရေးကျွမ်းကျင်မှု
စီးပွားရေးလုပ်ငန်းအမျိုးမျိုးတွင် လက်တွေ့အသုံးကျနိုင်သောအချက်အလက်ကို သင်ပေးသည်။ အချို့စီးပွားရေးနယ်ပယ်အတွက် သီးသန့်သင်ပေးသည့်ကျောင်းလည်းရှိသည်။
အဓီကဘာသာရပ်ဌာနများ။ စာရင်းကိုင်၊ အခွန်စာရင်းကိုင်၊ စာရင်းကိုင်ပညာ၊ လုပ်ငန်းစီမံခန့်ခွဲရေး၊ ဆေးဘက်ဆိုင်ရာရုံးလုပ်ငန်း၊ ဆေးဆိုင်ရုံးလုပ်ငန်း၊ ကုန်သွယ်ရေး၊ ဟိုတယ်၊ လေယာဉ်မယ်၊ မီးရထား၊ သယ်ယူပို့ဆောင်ရေး၊ Bridal
အဝတ်အစား၊ အိမ်တွင်းရေး
ဖက်ရှင်လောကနှင့်ပတ်သက်သောအလုပ်အမျိုးမျိုးနှင့်သက်ဆိုင်သည့်ဘာသာရပ်ဌာနများရှိပြီး ကျွမ်းကျင်မှုအပြင် ဒီဇိုင်းအသစ်ဖန်တီးနိုင်စွမ်းကိုသင်ယူလေ့လာမည်။
အဓိကဘာသာရပ်ဌာနများ။ ဖက်ရှင်ဒီဇိုင်း၊ ဖက်ရှင်လုပ်ငန်း၊ အ၀တ်အထည်၊ နည်းပညာ၊ ပုံစံဖန်တီးသူ၊ Stylist၊ ကီမိုနို
ယဉ်ကျေးမှု၊ ဗဟုသုတ
ဒီဇိုင်း၊ ပန်းချီ၊ ကာတွန်းအစရှိသောအနုပညာ၊ ဘာသာစကား၊ အားကစား၊ တိရစ္ဆာန်၊ ဥပဒေစသည့် ဘာသာရပ်အမျိုးမျိုးရှိသည်။
အဓိကဘာသာရပ်ဌာနများ။ ဘာသာစကား၊ ဂရပ်ဖစ်ဒီဇိုင်း၊ ထုတ်ကုန်ဒီဇိုင်း၊ ဓာတ်ပုံ၊ ပန်းချီ၊ မန်ဂါ၊ အသံလွှင့်ခြင်း၊ ရုပ်ရှင်၊ အသံ၊ အလင်းရောင်၊ ဂီတ၊ အက၊ ဇာတ်က၊ အသံသရုပ်ဆောင်၊ အားကစား၊ အစိုးရဝန်ထမ်း အခြား
ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်းဆိုင်ရာ သိကောင်းစရာများ ၂၀၂၃
ဤလက်ကမ်းစာစောင်သည် တိုကျိုတွင် နိုင်ငံခြားသို့ ပညာသင်ကြားလိုသော ကျောင်းသားများအတွက် ဖန်တီးထားခြင်း ဖြစ်သည်။
CONTENTS
Ⅰ.ဂျပန်နိုင်ငံတွင်ပညာသင်ရန်အတွက် ဘယ်လိုပြင်ဆင်ရမှာလဲ။
- ဂျပန်နိုင်ငံ၏ ပညာရေးစနစ် ဘယ်လိုရှိသလဲ။
- ဂျပန်နိုင်ငံတွင် နိုင်ငံခြားကျောင်းသားများ ဘယ်နှစ်ယောက်လောက်ရှိသလဲ။
- ဂျပန်နိုင်ငံတွင် ပညာသင်ရန် သတ်မှတ်ချက်များ ဘယ်လိုရှိသလဲ။
- ပညာသင်စရိတ် ဘယ်လောက်ကုန်ကျနိုင်သလဲ။
- နေထိုင်ခွင့်ဆိုသည်မှာ ဘာလဲ။ ဂျပန်နိုင်ငံတွင် ပညာသင်ရန် ဘာဗီဇာလိုအပ်သလဲ။
Ⅱ.ဘယ်ကျောင်းတွင် ပညာသင်ကြားမှာလဲ။
- ဂျပန်စာသင်တန်းကျောင်းဆိုသည်မှာ ဘယ်လိုကျောင်းမျိုးဖြစ်သလဲ။
- ဘွဲ့လွန်တက္ကသိုလ်ကိုတက်ရန် လိုအပ်သော အရည်အချင်း ဘယ်လိုရှိသလဲ။
- တက္ကသိုလ်ကိုတက်ရန် လိုအပ်သောအရည်အချင်း ဘယ်လိုရှိသလဲ။
- ဂျူနီယာကောလိပ်ကိုတက်ရန် လိုအပ်သောအရည်အချင်းဘယ်လိုရှိသလဲ။
- နည်းပညာကောလိပ်ကိုတက်ရန် လိုအပ်သောအရည်အချင်း ဘယ်လိုရှိသလဲ။
- အထူးပြုသင်တန်းကောလိပ်တက်ရန်လိုအပ်သောအရည်အချင်းဘယ်လိုရှိသလဲ။
- ပညာသင်ဆုစနစ် ရှိသလား။
- ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရရှိနိုင်သလား။
Ⅲ.ဂျပန်နိုင်ငံတွင် နေထိုင်ရန် အဆင်ပြေနိုင်မှာလား။
- နေထိုင်ခွင့်ကတ်ဆိုသည်မှာ ဘာလဲ။
- ဂျပန်နိုင်ငံတွင် နေထိုင်စရိတ် ဘယ်လောက်ကုန်ကျနိုင်သလဲ။
- နိုင်ငံခြားကျောင်းသားသည် အချိန်ပိုင်းအလုပ်လုပ်နိုင်သလား။
- ရေ၊ မီး၊ ဂတ်စ်၊ တယ်လီဖုန်းသုံးရန် ဘယ််လိုလုပ်ရမှာလဲ။
- အမှိုက်ကို ဘယ်လိုပစ်ရမှာလဲ။
- အရေးပေါ်အခြေအနေကြုံရင်ဘယ်လိုလုပ်ရမှာလဲ။
- ဂျပန်နိုင်ငံ၏ ကျန်းမာရေးအာမခံနှင့် ပင်စင်ကိုဝင်ရန် လိုအပ်သလား။
- My Number ဆိုသည်မှာ ဘာလဲ။
- ဂျပန်နိုင်ငံတွင်ကျောင်းတက်နေစဉ် လိုက်နာဆောင်ရွက်ရမည့် အစိုးရရုံးပိုင်းဆိုင်ရာကိစ္စရပ်များရှိသလား။/li>
- နိုင်ငံခြားကျောင်းသားမှ သတိထားရမည့်အချက်များ ဘာများရှိသလဲ။